Recent Movies

Pirates Of The Caribbean: On Stranger Tales(2011) မြန်မာစာတန်းထိုး

OnStrangerTalesမှာတော့ခဏကပြောခဲ့သလို..ဇတ်ကောင်တွေပြောင်းလဲသွားပေးမဲ့လည်း..အဓိကဇတ်ကောင်ဖြစ်တဲ့ ဂျက်စပဲရိုးလ်ကတော့ရှိနေဆဲပါ…အခြားဇတ်ကောင်တွေပြောင်းသွားလို့..မကောင်းဘူးမထင်ပါနဲ့..
Piratesတို့ရဲ့ထုံးစံအတိုင်း…ထူးခြားတဲ့စွန့်စားခန်းတွေနဲ့ကြည့်ရှု့ရဦးမှာပါ..ပြောင်မြှောက်တဲ့..
ဇတ်အိမ်တည်ဆောက်ပုံ.ဆန်းကြယ်လှတဲ့..ဇတ်လမ်းသွားတွေနဲ့ဖန်တီးထားတဲ့ဇတ်ကားလေးမို့.
.ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ညွန်းပါရစေခများ
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

Mission Impossible 4 : Ghost Protocol(2011) မြန်မာစာတန်းထိုး


ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့
အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ…ဒီဇာတ်ကားထဲကလိုပေါ့…ဒီဇာတ်ကားလောက်တော့
ရင်ထိတ်သည်းဖိုကြုံ ဖူးကြမည်မထင်ပါ…
ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလဲပါပါတယ်..
Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်၊
မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ…
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့…
အကြမ်းဖက် သမားများက ကရင်မလင် နန်းတော်ကို ဗုံးခွဲ ခြင်းကို မတားဆီး နိုင်ခဲ့ခြင်းကြောင့် IMF အတွက် လျှို့ဝှက်ထောက် လှမ်းရေး လုပ်ဆောင်နေ သည့် အီသန်ဟန့်နှင့် ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်ရ သည်။ အဖွဲ့အစည်း အထောက်အပံ့ မရတော့ သော်လည်း အီသန်က လက်မလျှော့ဘဲ သူနာမည်နှင့် အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ် တိုက်ခိုက်မှု မဖြစ်ရန် ပြန်လည် လှုပ်ရှားသည်။ သို့သော် သူနှင့်အတူ ရည် မှန်းချက်မတူသူများလည်း ပါဝင်နေရာ အီသန်တစ်ယောက် သူရဲ့ အထူးတာဝန်ကို အောင်မြင် အောင် စွမ်းဆောင်နိုင် မည်လားဆိုလားဆိုတာ……….။
IMDb (7.4/10) နဲ့ Rotten Tomatoes (93%) ရရှိထားတဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းပါ။
File size…(999MB) and (500MB)
Quality…Blu-ray Rip 720p
Format…mp4
Duration….02:12:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

Fast Five 5 (2011) မြန်မာစာတန်းထိုး


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

DON 2-2011( မြန်မာစာတန်းထိုး)


နာမည်ကျော် ဘောလီးဝုဒ် မင်းသားကြီး ရှာရွတ်ခန်းပါဝင်ရိုက်ကူးထားတဲ့ Don 1 ရဲ.အဆက်ပါ။ဒီဇာတ်ကားမှာတော့မင်းသားကြီး ရှရွတ်ခန်း နဲ့ မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်ထားပြီး
အခြားသရုပ်ဆောင်များစွာ အားဖြည့်ထားတဲ့ Bollywood Action ဇာတ်ကားပါ။
Action ချည်းသက်သက်မဟုတ်ဘဲ ဇာတ်လမ်းသဘောအရလဲ ဖမ်းစားထားနိုင်တာကြောင့်
ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
IMDb Rating (7.1/10) ရရှိထားပါတယ်။
File size…(1.2GB) and (450MB)
Quality…BR-Ray 720p
Format…mp4
Duration….02:28:08
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

Transformers:Dark of The Moon(2011) မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်းကတော့……..
စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်……..။
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော် 
{[['']]}

5- X-Men: First Class (2011)


X-menပရိသတ်တွေ အတွက် ဒီဇာတ်ကားက အစိမ်းသက်သက်မဖြစ်နိုင်ပါဘူး။ ဒီဇာတ်ကားက ထွက်တာ နောက်ကျပေမဲ့ X-menဇာတ်ကားထဲက ဇာတ်ဆောင်တွေရဲ့ အရင်ဘ၀ကို ပြသနိုင်တဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။X-menဇာတ်ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ ငယ်ဘ၀တွေ၊သူတို့ရဲ့ အစွမ်းတွေ၊ သူတို့ရဲ့ နာကြည်းမှူတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ဇာတ်ကားပါ၊ ဇာတ်လမ်းအကျဉ်းချုပ်တော့
Magneto ဖြစ်လာမယ့် Erick က သူ့အမေကို Shaw သတ်ခဲ့တာ ပြန် လက်စားချေချင်တဲ့ စိတ် ပြင်းထန်ပြီး ထိန်းမနိုင်ဖြစ်လာတာ .. mutant တွေနဲ့ ကြီးစိုးချင်စိတ် ဖြစ်လာသူ
Charles က နဂိုကတည်းက mutant တွေအတွက် စိတ်ကောင်းထားတဲ့လူ .. လောကမှာ လူသားနဲ့ mutant သဟဇာတ ဖြစ်အောင် နေချင်သူ .. Erick ကိုလဲ သံယောဇဉ် ရှိနေသူ
Striker က အာဏာပိုင်အဖွဲ့ထဲကနေ .. mutant တွေကို စိတ်ဝင်စားနေသူ .. mutant ကို အခြေခံပြီး တခုခု လုပ်ဖို့ ကြံနေသူအဖြစ် စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ ဇာတ်ကားပါ။
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

The Raid: Redemption (2011) မြန်​မာစာတန်းထိုး



IMDb(7.6/10)…Rotten Tomatoes(85%)

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် ….

အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်…
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

Sleep Tight (2011) မြန်မာစာတန်းထိုး





တစ်စုံတစ်ယောက်က သင့်ရဲ့ပျော်ရွှင်မှုတွေကို နှုတ်ယူဖို့ အစဉ်တစိုက်ကြိုးပမ်းနေတယ်... 
အဲ့ဒီတစ်စုံတစ်ယောက်က သင်အိပ်ပျော်သွားတာကို အမြဲတမ်းလာစောင့်ကြည့်နေတယ်ဆို ဘယ်လိုခံစားရမလဲ???
ဇာတ်ကားတချို့မှာ အော့နှလုံးနာစရာဗီလိန်မျိုးတွေကို မြင်ဖူးကြလိမ့်မယ်။
ဒီဇာတ်ကားထဲက ဗီလိန်ကတော့ မြင်ဖူးသမျှ ဗီလိန်တွေထဲမှာ တော်တော်လေး အော့နှလုံးနာစရာဗီလိန်မျိုးဖြစ်နေခဲ့တယ်။
သူက လူတွေပျော်ရွှင်နေတာကို မခံစားနိုင်တဲ့လူ
သူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ပျော်ရွှင်မှုကို နှုတ်ယူဖို့ အမြဲကြံစည်နေတဲ့လူ
တနည်းအားဖြင့် ပျော်ရွှင်မှုကိုသတ်တဲ့လူ။
ဒီလို လူမျိုးက မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းထဲကို ညတိုင်းဝင်လာပြီး မိန်းကလေးရဲ့
ပျော်ရွှင်မှုတွေကို ဘယ်လိုသတ်မလဲဆိုတာ.......။

ဇာတ်လမ်းကတော့ နောက်ဆုံးခန်းထိ အော့နှလုံးနာအောင်ရိုက်ကူးသွားပါတယ်။
စပိန်ဇာတ်ကားဖြစ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွက်တစ်ကွက်မှမပါဘဲ
IMDb Rating (7.2/10) ထိရရှိထားတာကိုကြည့်ရင် ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ဇာတ်အိမ်ကိုသတိပြုမိပါမယ်။
File size...(750MB)
Quality...Br-Rip 720p 

Format...mp4
Duration....01:40:51
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

CAMELOT 18+(မြန်မာစာတန်းထိုး2011)




မီးနတ်တန်ခိုးရှင် မော်ဂါနာနှင့် ဘုရင်လေးအာသာ (သို့မဟုတ်) CAMELOT Mini Series (စ/ဆုံး)
=========
Game of Throne ကိုကြိုက်တဲ့ သူများအတွက် Game of Throne Season 6 မထွက်ရှိခင် စိတ်ဖြေအနေနဲ့ ကြည့်သင့်တဲ့ စီးရီးကောင်းတစ်ခုပါ..။ အပိုင်းလည်းနည်းပြီး အစအဆုံးဆိုတော့ ကြည့်တာလဲ အဆင်ပြေလှပါတယ်.။တစ်ချို့သော ၁၈+ အခန်းတွေဟာ ကြမ်းလွန်းတာကြောင့်မိသားစုနဲ့ ကြည့်ဖို့ အတွက်တော့ မသင့်တော်ပါ.။
ဖြစ်ရပ်မှန် ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒဏ္ဍာရီထဲက လူစွမ်းကောင်း လန်းစလော့ ၊ မီးနတ်ဘုရားမ မော်ဂါနာ ၊ ပါရမီရှင် ထိပ်သီးမှော်ဝိဇာကြီး မာလင် ၊ဘုရင်ကြီးအာသာ အစရှိတာတွေကိုလဲ မျက်ဝါးထင်ထင်မြင်ကြရမှာပါ..။ ဇာတ်လမ်းကြောင်းကတော့....။
ငါးရာစုနှောင်းပိုင်းမှာ ဗြိတိန်ဟာ ရောမတွေရဲ့ ဆယ်စုနှစ်တစ်ချို့တာ အုပ်ချုပ်မှုကနေ လွတ်မြောက်ခဲ့ပါတယ်။ အာသာဘုရင်ဟာ ဆိုးသွမ်းလွန်းတဲ့ မော်ဂါနာဆိုတဲ့ သမီးဖြစ်သူကို ခရစ်ယာန် သာသနာပြုကျောင်းတစ်ကျောင်းမှာ သမီးသွားရောက်ထားရှိပါတယ်..။မော်ဂါနာဟာ သာသနာပြုကျောင်းမှာ ကောင်းရာကောင်းကြောင်းတွေမသင်ယူပါပဲနဲ့ စေတန်နဲ့ မိမိဝိဥာဉ်ကိုရောင်းကာ အပေးအယူလုပ်ပြီး ယုတ်မာရက်စက်တဲ့ မှော်ပညာရပ်တွေကို သင်ပြီး မီးနတ်ဘုရားမ တစ်ယောက်လို မှော်တွေသင်ယူခဲ့ပါတယ်.။
သူ့ရဲ့ အစွမ်းတွေနဲ့ အာသာဘုရင်ကို တိတ်တဆိလုပ်ကြံခဲ့ပါတယ်.။ အာသာ ဘုရင် ရုတ်တစ်ရက်သေဆုံးမှုနဲ့အတူ ၀ရုန်းသုန်းကားဖြစ်မှုတွေဟာ ဗြိတိန်ကိုဝါးမျိုပါတော့တယ်။ သမိုင်းဝင် မှော်ဆရာမာလင်ဟာ အမှောင်လွှမ်းမယ့်အတိတ်ကို ကြိုတင်မြင်ပြီးတော့ ငယ်ရွယ်ပြီး စိတ်မြန်တဲ့ အာသာ့ကို ရာထူးအပ်နှင်းခဲ့ပါတယ်။ သူဟာ အာသာဘုရင်ရဲ့ တိတ်တိတ်ပုန်းသားတစ်ယောက်ဖြစ်ပြီး သာမန်ပြည်သူအဖြစ်ကြီးပြင်းခဲ့ရသူပါ။
ဘုရင်အသစ်အနေနဲ့ မာလင်နဲ့ အာသာတို့ဟာ အစွန့်ပစ်ခံ ခြုံနွယ်ပိတ်ပေါင်းတွေများစွာထူထပ်နေတဲ့ ကမ်မလေ့ ရဲတိုက်မှာ သူတို့ရဲ့မိတ်ဖက်တွေဖြစ်တဲ့ အာသာ့မွေးမိခင် အိုင်ဂရိန်း မွေးစားညီအစ်ကို ကေးနဲ့ သစ္စာရှိစစ်သည်တော် လီယွန်တေး ဂါဝိန်း ယူလ်ဖီးယပ်စ်နဲ့ ဘာရာစရှားတို့ နဲ့အတူစတင်နေထိုင်ပြီး ဒီရဲတိုက်ကနေ အခက်အခဲပေါင်းများစွာ စိန်ခေါ်မှု့ပေါင်းများစွာနဲ့ အာသာဟာ ကောင်းမွန်တဲ့ ပြည်သူတွေငြိမ်းချမ်းစွာနေထိုင်နိုင်မယ့် ဗြိတိန်နိုင်ငံသစ်ကို တည်ထောင်ဖို့ကြိုးစားပါတော့တယ်။
=================================================
Credit to-Movies with Myanmar Subtitle
Encode by: Hein Min Htet 
Quality 720P HD
Size 300MB

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

The Cat (2011 film) မြန်မာစာတန်းထိုး



အလှမွေးတိရိစ္ဆာန်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဆိုယွန်းဟာ ငယ်ရွယ်စဉ်ကဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်တခုကြောင့် ပိတ်လှောင်မှုကိုအကြောက်လွန်တဲ့ရောဂါ(Claustrophobia) ကိုခံစားနေရတဲ့ ဝေဒနာရှင်တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ဘီဒန်းလို့အမည်ရတဲ့ သူ့ကြောင်မလေးကို ပြန်ခေါ်ဖို့အတွက် ဆိုယွန်းအလုပ်လုပ်နေတဲ့ဆိုင်ကိုရောက်လာခဲ့ပါတယ်။ နောက်တနေ့မှာ အဲ့ဒီအမျိုးသမီးကို သူနေတဲ့တိုက်ရဲ့ ဓာတ်လှေကားထဲမှာ အသက်ဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါပေမယ်လို့ သူ့ရဲ့ကြောင်မလေးဖြစ်တဲ့ဘီဒန်းကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ရဲတွေဟာ ဒီသေဆုံးမှု နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခဲ့ပေမဲ့လည်း အကြောင်းရင်းကိုတော့ မရှာဖွေနိုင်ခဲ့ပါဘူး။ ဆိုယွန်းဟာ အခင်းဖြစ်ရာနေရာကို ရောက်ရှိသွားခဲ့ပြီး သူမရဲ့ သူငယ်ချင်းဖြစ်တဲ့ ရဲအရာရှိ ကင်ဂျွန်ဆော့နဲ့ တွေ့ခဲ့ပါတယ်။ ကင်ဂျွန်ဆော့ရဲ့ အကူအညီတောင်းမှုကြောင့် ဆိုယွန်းဟာ ဘီဒန်းလေးကို စောင့်ရှောက်ဖို့ လက်ခံလိုက်ပါတော့တယ်။

ဘီဒန်းလေး အိမ်ကိုရောက်လာတဲ့အချိန်ကစလို့ ဆိုယွန်းဟာ ကြောင်မျက်လုံးနဲ့ ကလေးမလေးတစ်ယောက်ကို ညစဉ်ညတိုင်းလိုလို အိပ်မက်မက်နေခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ဆိုယွန်းဟာ ကြောင်တစ်ကောင်မွေးစားချင်နေတဲ့ သူငယ်ချင်းဖြစ်သူ ဘိုဟီးနဲ့အတူ တိရစ္ဆာန်ထိန်းသိမ်းရေးဂေဟာကိုသွားရောက်ခဲ့ပါတယ်။သူငယ်ချင်းဖြစ်သူ ဘိုဟီးဟာ "Dimwit" လို့အမည်ရတဲ့ ကြောင်လေးကိုမွေးစားဖို့ရွေးချယ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဂျွန်ဆော့နဲ့ အခြားရဲအရာရှိတွေဟာ သေဆုံးသွားတဲ့အမျိုးသမီးရှိနေခဲ့တဲ့ ဓာတ်လှေကားထဲက CCTV မှတ်တမ်းကိုကြည့်နေကြပါတယ်။မသေဆုံးမီကအမျိုးသမီးရဲ့ပုံစံဟာ အရမ်းကိုကြောက်ရွံ့ထိတ်လန့်နေတဲ့ပုံပေါ်နေတဲ့အတွက် အကြောက်လွန်ပြီးသေဆုံးခဲ့တယ်လို့ပဲ ရဲတွေကမှတ်ချက်ချလိုက်ပါတယ်။

ဘိုဟီးဟာ မွေးစားဖို့ခေါ်လာတဲ့ Dimwit ဆိုတဲ့ကြောင်လေးနဲ့ ရင်းနှီးအောင် ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့လည်း Dimwitဟာ ဘိုဟီးလက်ထဲကနေ ရုန်းထွက်ပြီးအဝတ်တေချိတ်ထားတဲ့အခန်းထဲကိုပြေးသွားခဲ့ပါတယ်။ Dimwitကိုပြန်ခေါ်ဖို့လိုက်ဝင်သွားခဲ့တဲ့ ဘိုဟီးဟာလည်း ကြောင်မျက်လုံးနဲ့ ကလေးမလေးကြောင့် အသက်ဆုံးခဲ့ရပါတယ်။

အဲ့ဒီညမှာပဲ ဆိုယွန်းဟာ ဘီဒန်းလေးကိုအစာကျွေးဖို့ပြင်ဆင်ရင်း လက်ကိုဓားရှသွားခဲ့ပါတယ်။ ဘီဒန်းလေးဟာ ဓားရှသွားတဲ့ဆိုယွန်းရဲ့လက်ကနေထွက်နေတဲ့သွေးတွေကို လျက်ခဲ့တဲ့အပြင် ဆိုဖာပေါ်ကိုကျသွားတဲ့သွေးစက်တွေကိုပါ လျက်ခဲ့ပါတယ်။ ဆိုယွန်းက မလျက်ဖို့တားတာကိုတောင်မှပြန်ပြီး မာန်ဖီခဲ့ပါသေးတယ်။ ဆိုယွန်းဟာ အရမ်းကိုထိတ်လန့်သွားခဲ့ပြီး ဘီဒန်းလေးကို ပြန်ပေးဖို့အတွက် ပိုင်ရှင်ဖြစ်သူ သေသွားတဲ့အမျိုးသမီးရဲ့ယောက်ျားဆီကို ညတွင်းချင်းသွားရောက်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ထိုအမျိုးသားက လက်မခံပဲ ဒီကြောင်ဟာကျိန်စာသင့်နေတဲ့ကြောင်ဖြစ်ကြောင်းနဲ့ သူ့မိန်းမ မသေခင်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပါ ရှင်းပြခဲ့ပါတယ်။ ဆိုယွန်းဟာ ဘီဒန်းလေးကိုပန်းခြံထဲမှာ စွန့်ပစ်ခဲ့ပြီး လမ်းပျောက်နေတဲ့အဘွားအိုတစ်ဦးကို ရဲစခန်းကိုလိုက်ပို့ပေးခဲ့ပါတယ်။

နောက်တနေ့မနက်မှာပဲ ဂျွန်ဆော့နဲ့ ဆိုယွန်းတို့ဟာ တိရစ္ဆာန်ထိန်းသိမ်းရေးဂေဟာကိုသွားရောက်ခဲ့ပါတယ်။ သူတို့ဟာ ကြောင်တွေအများကြီး သေဆုံးနေတာကိုတွေ့ခဲ့ပြီး ဂေဟာမှူးရဲ့အလောင်းကိုလည်း ကြောင်သေတွေကိုမီးသဂြိုလ်တဲ့စက်ထဲမှာ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲ ဆိုယွန်းဟာ ဒုံဟာတိုက်ခန်းရဲ့ အသုံးမပြုတော့တာအတော်ကြာပြီဖြစ်တဲ့ မြေအောက်ထပ် အပူပေးခန်းထဲမှာ ကြောင်တွေအများကြီးအလုံပိတ်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရဖူးတာကို တွေ့ရှိခဲ့ပါတယ်။

ဆိုယွန်းဟာ မကြာသေးမီကမှ ရဲစခန်းကိုလိုက်ပို့ခဲ့တဲ့ အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အဘွားနဲ့ ထပ်တွေ့ခဲ့ပါတယ်။ ဆိုယွန်းရဲ့ တောင်းဆိုမှုကြောင့် လမ်းပျောက်နေတဲ့အဘွား နေတဲ့နေရာကိုရှာပေးနေတဲ့ဂျွန်ဆော့ဟာ မထင်မှတ်ပဲ အဘွားရဲ့မြေးမလေးပုံကိုတွေ့ရှိခဲ့ပါတယ်။ဆိုယွန်းနဲ့ အဘွားဟာလည်းနေထိုင်ရာ တိုက်ခန်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒီအချိန်မှာပဲ အဘွားရဲ့သားဖြစ်သူရောက်ရှိလာကာ ဆိုယွန်းကိုမောင်းထုတ်ပြီး အဘွားကိုရိုက်နှက်ပါတော့တယ်။

မောင်းထုတ်ခံလိုက်ရတဲ့ဆိုယွန်းလည်း ရုတ်တရက်ဘီဒန်းလေးကိုတွေ့ကာ သူ့နောက်ကိုလိုက်ရင်း မြေအောက်ထပ်က အပူပေးခန်းထဲကိုရောက်ရှိသွားခဲ့ပါတယ်။ ဒေါသတကြီးနဲ့ စောင့်ကြိုနေကြတဲ့ ကြောင်တွေဆီကနေ ထွက်ပြေးရင်း ဆိုယွန်းတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

The 33D Invader(2011) 21+ ကြမ်းကြမ်း မြန်မာစာတန်းထိုး



ဆန်းဆန်းပြားပြား ထူးခြားတဲ့ 21+ Rating နဲ့ ဇာတ်ကား ကောင်းတစ်ကားတင်ဆက်ပေးချင်ပါတယ်.။ ကမ္ဘာမြေကို ကျူးကျော်လာတဲ့ ဂြိုဟ်သားမလေးတွေနဲ့ ကမ္ဘာမြေက ယောက်ျားသားတွေရဲ့ အချစ်ဇာတ်လမ်းအဆန်းအပြားတစ်ပုဒ်ဖြစ်ပါတယ်.။ ခေတ်ရှေ့ပြေးတဲ့ နည်းပညာတွေနဲ့ အတူ ပူလောင်ပြင်းရှတဲ့ အချစ်ရဲ့ အရသာကို လက်တွေ့ကျကျခံစားသိရှိရမှာ ဖြစ်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် ကွီးတို့ ညေးတို့ရဲ့မျက်လုံးအစုံကို ပြူးကျယ်စေပြီး အမြင်အာရုံရဲ့ အရသာဆိုတာကို တင်းပြည့်ကျပ်ပြည့်ခံစားရစေမှာမို့ ရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်.........။

ဒီကားကိုတော့ England နိုင်ငံ Oxford University မှ ဆာမရီး မှ ဘာသာပြန်ပြီးတော့ USA နိုင်ငံ MIT Institute မှ Computer Science နဲ့ဘွဲရသူ Hacker ရီး ၀ါထှာဖာထီ ရေဖာထီမှ ကွာလတီမကောင်းကောင်းအောင် အသေအချာ အပြည့်အစုံ စေ့စေ့စပ်ပ် နှံ့နှံ့စပ်စပ် ကြည့်ပြီးတော့. ဂျာပန်နိုင်ငံတွင်မွေးဖွားသော ဂျာပန်မ ၃၁ ယောက်မှ စာစစ်ပြီးတင်ဆက်လိုက်ရပါတယ်

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

The Mechanic(2011) - မြန်မာစာတန်းထိုး




အက်ရှင် ဇာတ်ကြမ်းကား နှစ်သက်သည့် ပရိသတ်စိတ်ကြိုက်တွေ့မည့် ဇာတ်ကား ဖြစ်ပါတယ်..။
ခေါင်းဆောင် မင်းသားမှာ Transporter, War, Death Race ဇာတ်ကားတွေထဲက နာမည်ကြီး အက်ရှင်မင်းသား ဂျေဆန်စတက်ဟန် ဖြစ်ပြီး သူနှင့် အတူ
လူငယ်မင်းသား ဘန်ဖော်စတာလည်း ပါဝင်ထားပါတယ်………။
ဒါရိုက်တာမှာ ဆီမွန်ဝက်စ်ဖြစ်ပြီး ကုန်ကျစရိတ် Budget ဒေါ်လာသန်း ၄ဝ အကုန်အကျခံ ထုတ်လုပ်ထားသည့် ဇာတ်ကား ဖြစ်ပြီး ယခုဇာတ်ကားမှာ ၁၉၇၂ခုနှစ်က The Mechanic  ဇာတ်ကားကို ပြန်လည် Remake လုပ် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
ထိုစဉ်အခါတုန်းက မင်းသားမှာ ချာလီးစ်ဘရွန်ဆင် ဖြစ်ပါတယ်။
စက်တစ်ခုလို တိကျသေသပ်စွာအသက်ရှင်နေသော လူတစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်….။
IMDb Rating (6.6/10 )ပါ။

File size…(700MB)
Quality…BR-Rip 720p
Format…mp4
Duration….01:27:36
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung


                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

Captain America : The First Avenger(2011){မြန်​မာစာတန်းထိုး)

Captain America 2011ပါ အရင်​ကအ​ဟောင်းကား​လေး မကြည့်​ရ​သေးရင်​​တော့အသစ်​​ပေါ့ဗျာ
ကြည့်​မယ်​ဆိုရင်​​အောက်​မှာကြည့်​နိုင်​ပါပြီ
စာဖိုင်​ကို subscene.comမှယူထားပါတယ်



                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

Snow Flower and the Secret Fan (2011) မြန်မာစာတန်းထိုး



တရုတ်စာရေးဆရာမ Lisa See ရဲ့ အရောင်းရဆုံး ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ကူးထားတာပါ။ ၁၉ ရာစုနှစ် အချိန်အခါက သွေးမတော်သားမစပ်တဲ့ မိန်းခလေး သူငယ်ချင်းနှစ်ယောက်ရဲ့ တင်းကျပ်တဲ့ရိုးရာဓလေ့တွေကြားကဖြစ်တည်လာတဲ့ ကြီးမားတဲ့သံယောဇဉ်ကို ဖွဲ့ပြထားတာပါ။ တချိန်ထဲမှာပဲ ၂၁ ရာစုက သူငယ်ချင်းနှစ်ဦးရဲ့ အရင်းနှီးဆုံးသံယောဇဉ်ကိုလည်း ပြသထားပါတယ်။ အေးအေးလူလူကြည့်ရမယ့် Drama ကားကောင်းတကားပါပဲ။
IMDB 6.1 ရထားတဲ့ ဒရမ်မာကားဟာ 2h ကြာမြင့်ပါတယ်။ 338 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
 


                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
 
{[['']]}

Hotel Desire (2011) မြန်မာစာတန်းထိုး 18++




18+ ဆိုရင် နည်းနေမှာစိုးလို့ 21+လို့ ရေးပါရစေ Erotic movie တကားအနေနဲ့ IMDb rating 5.8 ရဖို့ဆိုတာလည်းမလွယ်ကူလှပါဘူး ဇာတ်လမ်း အကျဉ်းကတော့ ဟိုတယ်ဝန်ထမ်းလည်းဖြစ် သား တယောက်လည်းရှိပြီးတော့ ယောက်ျားနဲ့လည်းကွဲနေတဲ့ အန်တိုနီရာဟာ အလုပ်အပေါ်မှာ အဆင်မပြေမှုတွေ ဖြစ်လာခဲ့တယ်... အဲ့ဒီကနေမှ ဟိုတယ်ဝန်ထမ်း သူငယ်ချင်းတယောက်က စိတ်ထွက်ပေါက်အနေနဲ့ ဟိုတယ်က ယောက်ျားတယောက်ယောက်နဲ့အိပ်ဖို့မြှောက်ပေးလာတယ် သူငယ်ချင်းရဲ့ မြှောက်ပေးစကားနဲ့ ဟိုတယ်မှာလာတည်းတဲ့ မင်းသား မျက်ကန်းလေးတယောက်ဟာတော့ အန်တိုနီရာရဲ့ တစာခံဖြစ်သွားရပါတော့တယ် ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုကြပါ။ 


File Size         : 300 MB
Quality           : Blu ray 720P
Running Time : 38 minute
Format           : Mp4
Genre             :  Drama, Romance

Encoder         : Joker.phs




                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

Transformers-3:Dark of The Moon(2011) မြန်မာစာတန်းထိုး




ဇာတ်လမ်းအကျဉ်းကတော့........
စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။

File size...1.2GB
Quality....flash
Format...mp4
hour....02:27:07
subtitle....မြန်မာစာတန်းထိုး


 

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                             DOWNLOAD .ဆိုဒ်အကြီး
 
                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
{[['']]}

Zindagi Na Milegi Dobara (2011) မြန်မာစာတန်းထိုး




  ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
  DOWNLOAD
{[['']]}

မြန်မာစာတန်းထိုး-The Green Hornet (2011)



လော့အိန်ဂျလိစ်မြို့မှ အကြီးဆုံး သတင်းစာတိုက် ပိုင်ရှင်၏ အမွေဆက်ခံသူ သားဖြစ်သည့် Britt Reid (Seth Rogein )သည် ငွေကြေး ချမ်းသာသော်လည်း ဆိုးသွမ်း ပျက်စီးနေကာ ဦးတည်ချက် မရှိသည့် ဘ၀တွင် ပျော်မွေ့လျက်ရှိသည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူ James Reid ( Tom Wilkinson ) ကွယ်လွန်သွားပြီး Britt သည် ကုမ္ပဏီမှ အစွမ်းအစရှိသော ၀န်ထမ်း Kato ( Jay Chou ) နှင့်   တွေ့ရလေသည်။ ထို့နောက် Britt နှင့် Kato တို့(၂)ဦးသည် မိမိတို့တွင် ကိုယ်ပိုင်ဘ၀နှင့် ထိုက်တန် လျော်ညီသော အရာများ ဖန်တီးလုပ်ဆောင်ရန် အစွမ်းအစ ရှိသည်ကို နားလည် သဘောပေါက်သွားပြီး ဖခင်ဖြစ်သူ James Reid ၏ လွှမ်းမိုးနေသော အရိပ် အောက်မှ ထွက်လိုက်လေသည်။ Kato သည် အစွမ်းထက်လှသော လက်နက် တစ်မျိုး တီထွင် ကာ The Black Berry အမည်ရ အခြားသူတို့ဖျက်ဆီးရန် မလွယ်ကူသော ကားပေါ်တွင် စိတ်ကြိုက် လက်နက်မျိုးစုံ ထည့်သွင်း ထားသည်။ Britt သည်လည်း ၄င်းတို့အနေဖြင့် သူရဲကောင်း များဖြစ်လာရန် ဆုံးဖြတ်ထားသည်။ ထို့နောက် တွင် Britt ၏ အတွင်းရေးမှူးသစ် Lenore Case ( Cameron Diaz ) ၏ အကူအညီဖြင့် မြို့ကို လွှမ်းမိုးထား သည့် လူဆိုး ဂိုဏ်ပေါင်းစုံ စုစည်းထားနိုင်သော အဓိက ရာဇ၀တ်ကောင် Benjamin Chudnofsky ( Christoph Waltz ) တို့အား ရင်ဆိုင်တိုက်ခိုက်ကြပုံကို ရိုက်ကူးထားသော အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါသည်။

အကြမ်အရမ်းတွေ ဂျိမ်းဘွန်းနည်းပညာတွေ နဲ့  ခပ်ဆန်းဆန်း ရိုက်ထားတဲ့အက်ရှင်ကား ကောင်းတစ်ကား ပါ ၊ ဟာသတွေနဲ့ သုံးထားတဲ့ လက်နက်တွေ မူဗီ Effect တွေကြောင့် ကြည့်လို့ကောင်းတဲ့ကားတစ်ကား ဆိုတာ သေချာပါတယ်

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
                                                                             DOWNLOAD .ဆိုဒ်အကြီး
                                                                           
                                                                             DOWNLOAD .ဆိုဒ်အသေး
{[['']]}

မြန်မာစာတန်းထိုး-J. Edgar (2011)



ဒါရိုက်တာ ကလင့် အိတ်(စ)၀ုဒ် ရိုက်ကူး သည့် အက်ဂါ ဟူးဗား ဘ၀ ဇာတ်ကြောင်း တွင် FBI တည်ထောင် သူ J. Edgar Hoover အဖြစ် သရုပ်ဆောင် သည့် လီယီု နာဒို ဒီကာပရီယို သည် အမေရိကန် ရုပ်ရှင် ထူးချွန် ဆု များ နှင့် နီးစပ်နေ သည် ရုပ်ရှင်ဝေဖန် ရေး ဆရာ များ က မှတ် ချက်ချခဲ့ဘူးသည်။
မည်သည့် အချိန်မှ ကြောက်ရွံ့  အားငယ်သည့် ဟန် ကို မပြ ခဲ့ သည့် FBI အရှင် သခင် အက်ဂါဟူးဗား အဖြစ် သရုပ်ဆောင်ရာတွင် လီယိုနာဒို ဒီကာ ပရီယိုသည် ဟူးဗား အဖြစ် သူ ၏ တစ်ကိုယ်ရည် ဘ၀ နှင့် အများ သိသော ဟူးဗား ဘ၀ အဖြစ် ငယ်စဉ် မှ သည် အိုမင်းရင့် ရော် သည်ထိ ကို ပြောင်မြောက် စွာ ဖြင့် J. Edgar တွင် သရုပ်ဆောင် ခဲ့ သည် ဟု ၀ါရင့် ရုပ်ရှင် ဝေဖန်ရေး ဆရာ ကြီး Roger Ebert က Chicago – Sun – Times သတင်းစာ တွင် ရေး သားထားသည်။

အက်ဂါ ဟူးဗား သည် ၁၉၂၂ မှ ၁၉၇၂ ခုနှစ် မေလ ၂ ရက် သူ သေဆုံးသည် အထိ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဌာန ကြီး တွင် ညွှန်ကြားရေးမှုးရာထူးဖြင့် အကြီး အကဲ နေရာ ကို တာဝန်ထမ်းဆောင် ခဲ့သည်။

သူ့ လက်ထက် တွင် အမေရိကန် နိုင်ငံ သို့  ခိုးဝင်လာ သည့် ဂျာမန် ယူဘုတ် များ ကို ဖမ်းဆီး နိုင်ခဲ့ပြီး ၊ အယ်(လ)ကပုန်း နှင့် ဂျွန်ဒလင် ဂျာ အပါအ၀င် အမေရိကန် မာဖီးယား နှင့် ဒုစရိုက် ခေါင်းဆောင် များ ကို လည်း ရှာဖွေ ဖော်ထုတ် နိုင် ခဲ့ သည်။

သိုသိုသိပ်သိပ် နေတတ်ပြီး သူ၏ အတွင်းစည်းတွင် သူ့  အတွင်းရေး မှုး ဖြစ်သူ ဟယ်လင် ဂန်ဒီ နှင့် ကလိုက် တိုင်ဆန် တို့  ကို သာ သူ့ နား တွင် ရှိ နေ စေခဲ့ သည်။ ဟယ်လင် ဂန်ဒီ အဖြစ် နာအိုမီဝတ် (King Kong) က သရုပ်ဆောင် ပြီး ၊ ကလိုက် တိုင်ဆန် အဖြစ်The Social Network မှ အာမီ ဟားမား က သရုပ်ဆောင် သည်။

၎င်း သည် ၁၉၅၀ ပြည့် လွန် နှစ်များက အမေရိကန် ပြည်သူ့  အခွင့် အရေး လှုပ်ရှား မှု များ နှင့်ကွန်မြူ နစ် ၀ါဒ အမေရိကန် ပျံနှံ့  လာမှု ကို အပြင်း အထန် တားဆီး နှိပ် ကွပ် ခဲ့ သူ ဖြစ်သည်။ J.Edgar ဇာတ်ကား ကို ရိုက်ကူး ခဲ့ သည့် ဒါရိုက် တာ ကလင့်အိတ်(စ)၀ုဒ် သည် Unforgiven, Million Dollar Baby ဇာတ်ကားများ ဖြင့် အော် စကာ ဆု ရရှိ ခဲ့ သူ ဖြစ်သည်။

ရုပ်ရှင်အညွှန်း - NCN

IMDB 6.6 ရရှိနေတဲ့ လီယိုနာဒိုရဲ့ ဒရမ်မာ ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပါတယ်။

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
                                                                             DOWNLOAD .ဆိုဒ်အကြီး
                                                                           
                                                                             DOWNLOAD .ဆိုဒ်အသေး
{[['']]}

မိစ္ဆာများနှင့်စီးချင်းည (သို့မဟုတ်) 23:59 (2011) မြန်မာစာတန်းထိုး



၁၉၈၃ခုနှစ် ကျွန်းတစ်ကျွန်းပေါ်မှာ တပ်စုလေးတစ်စု ခရီးတစ်ထောက်နားခဲ့ရာက စတင်ခဲ့ပါတယ်၊ ကျွန်းပေါ်မှာ အရူးမတစ်ယောက် ည၁၁:၅၉မိနစ်မှာ သေဆုံးခဲ့ပြီး ဒီအချိန်ရောက်တိုင်း သူမရဲ့ဝိဉာဉ်က လိုက်လံချောက်လှန့်နေတယ်လို့ သတင်းပြန့်နေပါတယ်။ တပ်သားသစ် Tan ဟာ ထိုဝိဉာဉ် သူ့ကိုလိုက်လံနှောင့်ယှက်နေကြောင်း အဖော်ဖြစ်သူ Jeremy ကို ပြောပြပေမယ့် jeremy ကမယုံကြည်ခဲ့ပါဘူး။ နောက်တစ်ရက်မှာတော့ မြစ်ကမ်းဘေးမှာ ပုံပျက်ပန်းပျက် ထူးဆန်းစွာသေဆုံးနေတဲ့ Tan ကို တွေ့ရှိရပါတယ်။ ဒါကြောင့် အပြစ်မကင်းသလိုခံစားနေရတဲ့ jeremy ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ညမှာပဲ အပိမက်ထဲမှာ Tan ဟာ သူနဲ့အတူကင်းစောင့်တဲ့ chester သေဆုံးနေပုံကို Jeremy ကိုပြသခဲ့ပါတယ်။ မနက်မှာတော့ chester ဟာ ထူးဆန်းစွာပြုမူနေတာကြောင့် နတ်ဆရာပင့်ဖိတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ Jeremy ဟာ Chester ကိုမေးမြန်းကြည့်ရာမှာတော့ chester နဲ့ Tan ကင်းစောင့်နေရင်း Tan ကို ခြေထောက်ကနေတရွတ်ဆွဲခေါ်သွားတယ်လို့ဆိုပါတယ်။ Chester က တရားခံကို သေနတ်ဒင်နဲ့ အဆက်မပြတ်ရိုက်နှက်ခဲ့ကြောင်း ထိုသူမှာ မိန်းမတစ်ယောက်ဖြစ်နေကြောင်း ပြောပြခဲ့ပါတယ်။ Jeremy နဲ့ Chester တို့ ထိုမိန်းမခန္ဓာကိုယ်ရှိတဲ့နေရာကို သွားပြန်ကြည့်တဲ့အချိန်မှာတော့ ဒီနေရာမှာ ဘာမှမရှိခဲ့ပါ.။

အဲ့ဒီနောက်ပိုင်းမှာတော့ သူတို့တပ်စုတစ်ခုလုံးက လူတွေထူးဆန်းစွာပျောက်ဆုံးခဲ့ရပြီး အစွမ်းထက်လှပြီး အငြိုးကြီးမားလှတဲ့ မိစ္ဆာနတ်ဆိုးသရဲမကြီးနှင့် သူအပေါင်းအပါတွေရဲ့ ရန်စွယ်ကို စတင်ရင်ဆိုင်ရပါတော့တယ်.။


Translated by: Chilli Candy
Encode by: Eric Min Khant
Quality 720P HD


                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
                                                                             DOWNLOAD .ဆိုဒ်အကြီး
                                                                           
                                                                             DOWNLOAD .ဆိုဒ်အသေး
{[['']]}

လာရောက်လည်ပါတ်သူများ

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. နန္ဒသီဟ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger