The Cat (2011 film) မြန်မာစာတန်းထိုး

{[['']]}



အလှမွေးတိရိစ္ဆာန်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဆိုယွန်းဟာ ငယ်ရွယ်စဉ်ကဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်တခုကြောင့် ပိတ်လှောင်မှုကိုအကြောက်လွန်တဲ့ရောဂါ(Claustrophobia) ကိုခံစားနေရတဲ့ ဝေဒနာရှင်တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ဘီဒန်းလို့အမည်ရတဲ့ သူ့ကြောင်မလေးကို ပြန်ခေါ်ဖို့အတွက် ဆိုယွန်းအလုပ်လုပ်နေတဲ့ဆိုင်ကိုရောက်လာခဲ့ပါတယ်။ နောက်တနေ့မှာ အဲ့ဒီအမျိုးသမီးကို သူနေတဲ့တိုက်ရဲ့ ဓာတ်လှေကားထဲမှာ အသက်ဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါပေမယ်လို့ သူ့ရဲ့ကြောင်မလေးဖြစ်တဲ့ဘီဒန်းကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ရဲတွေဟာ ဒီသေဆုံးမှု နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခဲ့ပေမဲ့လည်း အကြောင်းရင်းကိုတော့ မရှာဖွေနိုင်ခဲ့ပါဘူး။ ဆိုယွန်းဟာ အခင်းဖြစ်ရာနေရာကို ရောက်ရှိသွားခဲ့ပြီး သူမရဲ့ သူငယ်ချင်းဖြစ်တဲ့ ရဲအရာရှိ ကင်ဂျွန်ဆော့နဲ့ တွေ့ခဲ့ပါတယ်။ ကင်ဂျွန်ဆော့ရဲ့ အကူအညီတောင်းမှုကြောင့် ဆိုယွန်းဟာ ဘီဒန်းလေးကို စောင့်ရှောက်ဖို့ လက်ခံလိုက်ပါတော့တယ်။

ဘီဒန်းလေး အိမ်ကိုရောက်လာတဲ့အချိန်ကစလို့ ဆိုယွန်းဟာ ကြောင်မျက်လုံးနဲ့ ကလေးမလေးတစ်ယောက်ကို ညစဉ်ညတိုင်းလိုလို အိပ်မက်မက်နေခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ဆိုယွန်းဟာ ကြောင်တစ်ကောင်မွေးစားချင်နေတဲ့ သူငယ်ချင်းဖြစ်သူ ဘိုဟီးနဲ့အတူ တိရစ္ဆာန်ထိန်းသိမ်းရေးဂေဟာကိုသွားရောက်ခဲ့ပါတယ်။သူငယ်ချင်းဖြစ်သူ ဘိုဟီးဟာ "Dimwit" လို့အမည်ရတဲ့ ကြောင်လေးကိုမွေးစားဖို့ရွေးချယ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဂျွန်ဆော့နဲ့ အခြားရဲအရာရှိတွေဟာ သေဆုံးသွားတဲ့အမျိုးသမီးရှိနေခဲ့တဲ့ ဓာတ်လှေကားထဲက CCTV မှတ်တမ်းကိုကြည့်နေကြပါတယ်။မသေဆုံးမီကအမျိုးသမီးရဲ့ပုံစံဟာ အရမ်းကိုကြောက်ရွံ့ထိတ်လန့်နေတဲ့ပုံပေါ်နေတဲ့အတွက် အကြောက်လွန်ပြီးသေဆုံးခဲ့တယ်လို့ပဲ ရဲတွေကမှတ်ချက်ချလိုက်ပါတယ်။

ဘိုဟီးဟာ မွေးစားဖို့ခေါ်လာတဲ့ Dimwit ဆိုတဲ့ကြောင်လေးနဲ့ ရင်းနှီးအောင် ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့လည်း Dimwitဟာ ဘိုဟီးလက်ထဲကနေ ရုန်းထွက်ပြီးအဝတ်တေချိတ်ထားတဲ့အခန်းထဲကိုပြေးသွားခဲ့ပါတယ်။ Dimwitကိုပြန်ခေါ်ဖို့လိုက်ဝင်သွားခဲ့တဲ့ ဘိုဟီးဟာလည်း ကြောင်မျက်လုံးနဲ့ ကလေးမလေးကြောင့် အသက်ဆုံးခဲ့ရပါတယ်။

အဲ့ဒီညမှာပဲ ဆိုယွန်းဟာ ဘီဒန်းလေးကိုအစာကျွေးဖို့ပြင်ဆင်ရင်း လက်ကိုဓားရှသွားခဲ့ပါတယ်။ ဘီဒန်းလေးဟာ ဓားရှသွားတဲ့ဆိုယွန်းရဲ့လက်ကနေထွက်နေတဲ့သွေးတွေကို လျက်ခဲ့တဲ့အပြင် ဆိုဖာပေါ်ကိုကျသွားတဲ့သွေးစက်တွေကိုပါ လျက်ခဲ့ပါတယ်။ ဆိုယွန်းက မလျက်ဖို့တားတာကိုတောင်မှပြန်ပြီး မာန်ဖီခဲ့ပါသေးတယ်။ ဆိုယွန်းဟာ အရမ်းကိုထိတ်လန့်သွားခဲ့ပြီး ဘီဒန်းလေးကို ပြန်ပေးဖို့အတွက် ပိုင်ရှင်ဖြစ်သူ သေသွားတဲ့အမျိုးသမီးရဲ့ယောက်ျားဆီကို ညတွင်းချင်းသွားရောက်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ထိုအမျိုးသားက လက်မခံပဲ ဒီကြောင်ဟာကျိန်စာသင့်နေတဲ့ကြောင်ဖြစ်ကြောင်းနဲ့ သူ့မိန်းမ မသေခင်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပါ ရှင်းပြခဲ့ပါတယ်။ ဆိုယွန်းဟာ ဘီဒန်းလေးကိုပန်းခြံထဲမှာ စွန့်ပစ်ခဲ့ပြီး လမ်းပျောက်နေတဲ့အဘွားအိုတစ်ဦးကို ရဲစခန်းကိုလိုက်ပို့ပေးခဲ့ပါတယ်။

နောက်တနေ့မနက်မှာပဲ ဂျွန်ဆော့နဲ့ ဆိုယွန်းတို့ဟာ တိရစ္ဆာန်ထိန်းသိမ်းရေးဂေဟာကိုသွားရောက်ခဲ့ပါတယ်။ သူတို့ဟာ ကြောင်တွေအများကြီး သေဆုံးနေတာကိုတွေ့ခဲ့ပြီး ဂေဟာမှူးရဲ့အလောင်းကိုလည်း ကြောင်သေတွေကိုမီးသဂြိုလ်တဲ့စက်ထဲမှာ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲ ဆိုယွန်းဟာ ဒုံဟာတိုက်ခန်းရဲ့ အသုံးမပြုတော့တာအတော်ကြာပြီဖြစ်တဲ့ မြေအောက်ထပ် အပူပေးခန်းထဲမှာ ကြောင်တွေအများကြီးအလုံပိတ်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရဖူးတာကို တွေ့ရှိခဲ့ပါတယ်။

ဆိုယွန်းဟာ မကြာသေးမီကမှ ရဲစခန်းကိုလိုက်ပို့ခဲ့တဲ့ အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အဘွားနဲ့ ထပ်တွေ့ခဲ့ပါတယ်။ ဆိုယွန်းရဲ့ တောင်းဆိုမှုကြောင့် လမ်းပျောက်နေတဲ့အဘွား နေတဲ့နေရာကိုရှာပေးနေတဲ့ဂျွန်ဆော့ဟာ မထင်မှတ်ပဲ အဘွားရဲ့မြေးမလေးပုံကိုတွေ့ရှိခဲ့ပါတယ်။ဆိုယွန်းနဲ့ အဘွားဟာလည်းနေထိုင်ရာ တိုက်ခန်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒီအချိန်မှာပဲ အဘွားရဲ့သားဖြစ်သူရောက်ရှိလာကာ ဆိုယွန်းကိုမောင်းထုတ်ပြီး အဘွားကိုရိုက်နှက်ပါတော့တယ်။

မောင်းထုတ်ခံလိုက်ရတဲ့ဆိုယွန်းလည်း ရုတ်တရက်ဘီဒန်းလေးကိုတွေ့ကာ သူ့နောက်ကိုလိုက်ရင်း မြေအောက်ထပ်က အပူပေးခန်းထဲကိုရောက်ရှိသွားခဲ့ပါတယ်။ ဒေါသတကြီးနဲ့ စောင့်ကြိုနေကြတဲ့ ကြောင်တွေဆီကနေ ထွက်ပြေးရင်း ဆိုယွန်းတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Share this article :

Post a Comment

လာရောက်လည်ပါတ်သူများ

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. နန္ဒသီဟ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger